Home » » Pregnancy Urine Test ကိုယ်ဝန်စစ်ခြင်း

Pregnancy Urine Test ကိုယ်ဝန်စစ်ခြင်း




ဆရာ တချို့အမျိုးသမီးတွေ ကိုယ်ဝန်ရှိကာစမှာ သွေးဆင်းတယ်လို့ ကြားဖူးပါတယ်။ သမီးက ရာသီလည်းလာပါတယ်။ ကိုယ်ဝန် ရှိမရှိစစ်တာလည်း တစ်ကြောင်းပဲပေါ်ပါတယ် ခြောက်ပတ်အတွင်းမှာ အကြိမ်ကြိမ်စစ်ကြည့်ပြီးပါပြီ၊ တစ်ကြောင်းပဲ ပေါ်ပါတယ်။ ကိုယ်ဝန် ဖြစ်နိုင်သေးပါသလားဆရာ။

• သွေးကိုစမ်းသပ်နည်းနဲ့ ဆီးကိုစမ်းသပ်နည်းဆိုပြီး ၂ နည်းရှိပါတယ်။
• အလားတူ အရေအသွေး (ရှိ-မရှိ) စမ်းသပ်နည်းနဲ့ အရေအတွက် (ဟော်မုန်းအနည်း-အများ) စမ်းသပ်နည်းဆိုပြီး ရှိသေးပါတယ်။
• သွေးစမ်းသပ်နည်းအတွက် အဖြေကို နောက်တရက်အထိ စောင့်ရမယ်။ ဆီးစစ်နည်းကတော့ ၁-၂ မိနစ်သာ စောင့်ရမယ်။
• ကိုယ်ဝန်ရှိပြီဆိုတာနဲ့ အဲဒီအမျိုးသမီး-မိန်းကလေးရဲ့သွေးထဲနဲ့ ဆီးထဲမှာ စပြီးထွက်လာ-ရှိလာတဲ့ Human Chorionic Gonadotropin (HCG) ဟော်မုန်းကို စမ်းသပ်တာကို ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်နည်းလို့ခေါ်တယ်။
• ဒီဟော်မုန်းဟာ သန္ဓေကပ်ပြီးနောက် ၁ဝ ရက်ဆိုရင် စမ်းလို့ရပါပြီ။ မ-မျိုးဥနဲ့ ကျားသုက်ပိုးတို့ ပေါင်းစပ်ပြီးနောက် ၆ ရက်အကြာမှာ သန္ဓေက သားအိမ်အတွင်းဆုံးအလွှာမှာ လာကပ်မယ်။ အဲဒီအချိန်ကစပြီး HCG ဟော်မုန်း ထွက်လာပြီ။
• HCG ဟော်မုန်းက ကိုယ်ဝန် ပဌမ ၃ လအတွင်းမှာ တရက်ပြီးတရက် များများလာတယ်။ နောက်တော့ ကျသွားတယ်။
• ဆေးသောက်လို့ဖြစ်ဖြစ်၊ သားအိမ်ခြစ်လို့ဖြစ်ဖြစ် ကိုယ်ဝန်ပျက်သွားရင်လဲ ဒီဟော်မုန်းက သွေးထဲ-ဆီးထဲမှာ ဆက်ရှိနေလို့ ဆီးစစ်ရင် အပေါင်းသာပြနေအုံးမယ်။ စမ်းလို့မရလောက်အောင် နည်းသွားတော့မှ အနုတ်ပြလိမ့်မယ်။
• ကိုယ်ဝန်က သားအိမ်ပြင်ပမှာတည်နေရင်၊ ပျက်ရင် ဟော်မုန်းအနည်းအများက ပုံမှန်မဟုတ်နိုင်ဘူး။ အမွှာကိုယ်ဝန်ဆိုလဲ မတူနိုင်ဘူး။
• ကိုယ်ဝန်တော့ ရှိနေပြီ၊ ဒါပေမဲ့ ဟော်မုန်းက နည်းနေသေးရင်လဲ စမ်းလို့ မသိနိုင်သေးဘူး။ သွေးထဲမှာ အနည်းဆုံး HCG 25-50 mIU/mL ရှိလာမှသာ အပေါင်းပြလိမ့်မယ်။
• စစ်ဆေးကိရိယာတချို့က HCG 20 mIU ဆိုရင် အပေါင်းပြမယ်။ တချို့က 100 mIU ရှိမှသာပြတယ်။
• ဆီးကိုစမ်းရင်လဲ မနက်ခင်းသွားတဲ့ဆီးက ပိုသေချာစေနိုင်တယ်။
• အိမ်မှာတင် စမ်းသပ်နည်းကိရိယာ အမျိုးမျိုးလာတယ်။ အချောင်းလေးနဲ့ရှိသလို အပြားလေးရှိတယ်။ အားလုံး လွယ်ကူတယ်။ အဖြေပေးတာလဲ အမျိုးမျိုး။ အရောင်လိုင်းလေး ၂ ကြောင်း၊ အပေါင်း-အနုတ်၊ ကိုယ်ဝန်ရှိ-မရှိ။
• ရာသီလာရမဲ့ရက်ထက် တချို့က တရက်နောက်ကျရင်တောင်မှ စမ်းနိုင်တယ်ဆိုပေမဲ့၊ တပါတ်နောက်ျချိန်မှာ စမ်းသင့်တယ်။ ကိုယ်ဝန်ရှိတယ်လို့ သံသယရှိနေပြီး စမ်းတော့ အနုတ်သာပြတယ်ဆိုရင် သေချာဘို့အတွက် နောက် ရက်အနည်းငယ် (၇ ရက်) နေရင် တခါထပ်စမ်းသင့်တယ်။
• ဒီစမ်းသပ်နည်းကို အရက်သောက်ထားထား၊ မူးယစ်ဆေးသေုံးထားထား အဖြေကို သက်ရောက်မှုမရှိပါ။
• ဆီးစစ်နည်းဟာ အနည်းဆုံး ၉၇% မှန်ကန်တိကျတယ်။
• အများသုံးနည်းမှာ အရောင်နဲ့ မျဉ်း ၂ ကြောင်းပြရင် အပေါင်း (ကိုယ်ဝန်ရှိတယ်) လို့ ဖတ်တယ်။
• တကြာင်းက မှိန်မှိန်သာပေါ်နေရင်လဲ အပေါင်းပဲဖတ်ပါ။ သေချာချင်ရင် နောက် ၅-၆-၇ ရက်အကြာမှာ တခါ ထပ်စစ်ပါ။ ဘာလို့အဲလိုဖြစ်သလဲဆိုတော့ ရက်စောနေလို့၊ ဆီးက ကျဲနေလို့ဖြစ်မယ်။ စမ်းသပ်ကိရိယာ ရက်စွဲ လွန်တာသတိပြုပါ။ မနက်ခင်းဆီးကိုသာစစ်ပါ။ ရာသီလာရမဲ့ရက်ထက် တပါတ်နောက်ကျမှသာစစ်ပါ။
• Thorazine ဆေးနဲ့ fertility medications ကလေးမရသေးတာကို ရစေအောင်ပေးတဲ့ဆေးတချို့ကြောင့်လဲ တကယ်ကိုယ်ဝန်မရှိပဲ အပေါင်းပြနိုင်တယ်။

ဒေါက်တာတင့်ဆွေ




Share this article :

0 comments:

Post a Comment

 
Support : MYANMAESEXTUBE
Copyright © 2013. မြန်မာSEXTUBE - All Rights Reserved
Template Created by MYANMARSEXTUBE Published by ဆရာကျော်
Proudly powered by Blogger
Blogger Widgets