Home » » ကြံ့ခိုင်ရေး Vs ကျန်းမာရေး

ကြံ့ခိုင်ရေး Vs ကျန်းမာရေး


ကျန်းမာရေးနဲ့ ဆေးပညာစာတွေကို ၃ဝ-၉-၂ဝဝ၈ နေ့ကတည်းက ရေးနေတာ ကနေ့အထိ (ပို့စ်) ပေါင်း ၈၄၄ ခုရှိပါပြီ။ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများကတော့ အခုထိ ၅၇၈ ပုဒ် ရှိနေပါပြီ။ ဒါတွေကို (ဘလော့ခ်) မှာသာ ရေးတာပါ။ ရေးကာစက (ဘလော့ခ်) ထဲကို မြန်မာပြည်ကလူတွေ ဝင်မရဘူးဆိုလို့ (ဝက်ဘ်ဆိုက် ဒိုမိန်း) တခု ဝယ်ပြီး လုပ်ရပါသေးတယ်။ ၂ နှစ်နေတော့ မတတ်နိုင်တာရော၊ (ဘလော့ခ်) ထဲကို ဝင်လို့ ရလာကြတာမို့ပါ၊ (ဝက်ဘ်ဆိုက်) ကို ပြီးခဲ့တဲ့ တလလောက်ကမှ ဖြုတ်လိုက်ပါတယ်။

(ဘလော့ခ်) တွေမှာ ကျွန်တော်ရေးထားတာတွေကို ကူးယူပြီး၊ တခြား (ဘလော့ခ်) နဲ့ (ဝက်ဘ်ဆိုက်) တွေမှာတင်တာ တချို့တော့သိပါတယ်။ တကူးတက ခွင့်တောင်းစရာတော့ မလိုပါ။ ဒါပေမဲ့ မေတ္တာရပ်ခံစရာ ပေါ်လာပါတယ်။

မနေ့တနေ့က (ဆိုက်) တခုမှာ တင်ထားတာကို မိတ်ဆွေတယောက်က (လင့်ခ်) ပေးလို့ ကြည့်မိပါတယ်။ ကျွန်တော် ရေးထားတဲ့ စာတပုဒ်ကို ရုပ်သေနဲ့ ဗီဒီယို အပိုင်းအစတွဲပြီး တင်ထားတာ တွေ့လိုက်ရပါတယ်။ အဲလိုလုပ်တာ မကောင်းဘူး ထင်ပါတယ်။ ဆေးပညာပေးရည်ရွယ်ချက် တမျိုးဖြစ်သွားပါတယ်။ အဲဒီစာအောက်က (ကွန်မင့်) ကိုလဲ ဆက်ဖတ်တော့ ဒီစာရေးဘို့ ဖြစ်ရပါတယ်။

Blog (ဘလော့ခ်) မှာ စည်းကမ်းထားပါတယ်။ Adult Content လူကြီးများသာ ဖတ်စရာ အတန်းအစားလို့ ရှိပါတယ်။ အဲလို လုပ်မထားရင် အဲဒီ (ဘလော့ခ်) ဟာ ကြာကြာအသက်မဝင်နိုင်ပါ။ ကျွန်တော့်စာတွေမှာ သုံးတဲ့ရုပ်ပုံတွေကို သတိထား ရွေးပါတယ်။ ရုပ်ပုံနဲ့ ဗီဒီယိုပါတွဲတင်ရင် ပိုကောင်းမှန်းသိပေမဲ့ မိသားစုတပြိုင်နက်ကြည့်နိုင်တာမျိုး မဟုတ်လောက်ရင် မတင်ပါ။ တချို့ (ဝက်ဘ်ဆိုက်) တွေမှာ အဲလိုစည်းကမ်းမရှိပါ။ (ဖေ့စ်ဘွတ်) မှာလဲ ဘာစည်းကမ်းမှ မထားလို့ ကျွန်တော့် ဖေ့စ်ဘွတ်မှာ အဲတာမျိုးတွေကို လုံးဝမတင်ပါ။

အခုစာရေးနေချိန်မှာ “Medical Writings ဆေးပညာစာများ” စာဖတ်သူပေါင်း ၁,၄၂ဝ,၄၂၇ ယောက်နဲ့ “Medical Writings for Over 18 အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ” စာဖတ်သူပေါင်း ၆၈၅,၂၅၄ ယောက်ရှိပါပြီ။ ဖြေပေးပြီးသား မေးခွန်းအရေအတွက်ကိုတော့ မရေအားသေးပါ။

ဆေးပညာနယ်ပယ်တွေမှာ မြင်အပ်တာတွေ၊ မမြင်အပ်တာတွေ ရှိပါတယ်။ မမြင်အပ်လို့ ရောဂါမရကြတာ မဟုတ်ပါ။ ဆေးစာတွေရေးရင် ရောဂါဗေဒစနစ်ပေါင်းစုံပါမှသာ ပြည့်စုံတယ်။ မျိုးပွါးလမ်းကြောင်းရောဂါဆိုတာ ယောက်ျား-မိန်းမ အဖြစ်များတယ်။ ချန်ထားခဲ့လို့ မဖြစ်သင့်တာတွေ ပိုဖြစ်ခဲ့တယ်ထင်ပါတယ်။ ဆေးပညာရှင်တိုင်းက ဆရာဝန်ပဋိညာဉ်ကို လိုက်နာကြရပါတယ်။ လူနာရဲ့လျှို့ဝှက်အပ်တာကို ကိုယ့်ဆီလာပြ-လာပြောတာမှန်သမျှ သူများကို ထုတ်မပြောရပါ။

တနေ့ကပဲ အမျိုးသားတဦးကနေ Masturbation (မာစတာဘေးရှင်း) အကြောင်းမေးတာကို ဖြေတော့ ကျေးဇူးတင်စကား ပြန်ရေးပါတယ်။ အထက်က ထောက်ပြတဲ့ ဆေးစာက Female Masturbation (1) အမျိုးသမီးများ ဖါသာ-အာသာဖြေခြင်း (၁) ကို တဆင့်ကူးယူထားတာ ဖြစ်ပါတယ်။

မနှစ်လောက်က VOA (ဘလော့ကာ) အစီအစဉ်မှာ အင်တာဗျူး ပေးခဲ့ရဘူးပါတယ်။ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ ဆေးပညာစာတွေကို ကျွန်တော်က နာမည်အပျက်ခံပြီး ရေးတယ်လို့ ပြောလိုက်ပါတယ်။ အဲဒီအသံကို မသုံးလိုက်လို့ VOA က ကိုဇော်ဝင်းလှိုင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ကြိုတင်မှန်းဆပြီးသားလို့ ပြောချင်တာပါ။ တချိုကိစ္စတွေမှာ အနစ်နာခံမဲ့သူမရှိရင် အခက်အခဲတွေ ပိုဖြစ်တတ်တယ် မဟုတ်ပါလား။ နိုင်ငံရေးမှာ အနာခံထားတာမို့ ကျန်းမာရေးလဲ မထူးတော့ပါ။ သူများ (ဆိုက်) မှာ ဝေဝေဆာဆာ တင်ထားတဲ့ ကျွန်တော့်စာအောက်မှာ (ကွန်မင့်) တွေကို အပြေးအလွှား ဖတ်ကြည့်တော့ စာရေးသူကျွန်တော့်ကို ရစရာမရှိအောင် ရေးထားတာကို ဖတ်ရပါတော့တယ်။ “ဒီလိုစာမျိုးရေးတာ ကျွန်တော့်မှာ သိက္ခာမရှိဘူး၊ သားသမီး မရှိဘူးလား” စသဖြင့်။ ဒီထက်ဆိုးတာကတော့ ကျွန်တော့်နိုင်ငံရေး၊ ကျွန်တော် ဝင်ထားတဲ့ နိုင်ငံပါတီအထိ အပြစ်တွေဖို့ ထားပါတယ်။ ကျွန်တော့်နိုင်ငံရေးကိုပါ ထည့်ပြောလာသူမျိုးဟာ ကြံ့ခိုင်ရေးဘက်သား ဖြစ်ဘို့များပါတယ်။

ကောင်းပြီဗျာ့ ကျွန်တော့်ကျန်းမာရေး၊ ကျွန်တော့်နိုင်ငံရေးနဲ့ ကြံ့ခိုင်ရေး ပြိုင်ကြသေးတာပေါ့။

ဒေါက်တာတင့်ဆွေ
Share this article :

0 comments:

Post a Comment

 
Support : MYANMAESEXTUBE
Copyright © 2013. မြန်မာSEXTUBE - All Rights Reserved
Template Created by MYANMARSEXTUBE Published by ဆရာကျော်
Proudly powered by Blogger
Blogger Widgets